Tuesday, July 19, 2016

ကနဦးဆောင်ရွက်ပုံအဆင့်ဆင့်

#ကနဦးဆောင်ရွက်ပုံအဆင့်ဆင့်
အရည်ကြိုရဲ့ ပေါ့ပေါ့ပါးပါးလေးလေးပင်ပင် အတွေးများ(၃၀)

ချစ်ခြင်းများစွာဖြင့် ကျွန် တော့်အမျိုးများ မင်္ဂလာပါခင်ဗျာ။ ဒီတစ်ပတ်မှာတော့ ကျွန်တော့်အမျိုးတွေကို မော်တော်ယာဉ်ကနဦး ဆောင်ရွက်ပုံနဲ့ပတ်သက်တဲ့ အချက်အလက်တချို့ကို ဝေမျှချင်ပါ တယ်။

ကနဦးယာဉ်စစ် ဆောင်ရွက်ပေး သော ယာဉ်များမှာ
ကညနတွင် ကနဦးလာ တော်ယာဉ်တွေကတော့ (၁) ပြည်ပတင်သွင်းမော်တော်ယာဉ် များ (၂) စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော ယာဉ်များ (၃) စက်မှုဇုန်ထုတ်ယာဉ်များဆိုပြီး အပိုင်း သုံးပိုင်းခွဲပြီး ကနဦးယာဉ် စစ်ဆေးဆောင်ရွက်ပေးတာ ဖြစ် ပါတယ်။

ကနဦးဆောင်ရွက်ရာတွင် ယူ ဆောင်သွားရမည့် စာရွက်စာ တမ်းများ
(က) နိုင်ငံရပ်ခြားမှ တင် သွင်းတဲ့ မော်တော်ယာဉ်များ ကန ဦးဝင်မယ်ဆိုရင်တော့ (၁) သွင်း ကုန်လိုင်စင်၊ သွင်းကုန်ပါမစ်မူ ရင်း၊ (၂) အရောင်းပြခန်းမှဝယ်လျှင် ယာဉ်ဝယ်ယူခွင့်လက်မှတ်၊ (၃) သွင်းကုန်ကြေညာလွှာမိတ္တူ၊ (၄)အကောက်ခွန်ဖော်ပြချက်မူရင်းနဲ့ အကောက်ခွန်ယာဉ်ဓာတ် ပုံမူရင်း၊ (၅) သက်ဆိုင်ရာနိုင်ငံမှမှတ်ပုံတင်ဖျက်သိမ်းပြီးကြောင်း အထောက်အထားမူရင်း (Used- Reconditioned)၊ (၆) ကညနသို့ လာရောက် ဆောင်ရွက်သူ၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူ၊ (၇) ကုမ္ပဏီ၊ အဖွဲ့အစည်း၊ အရောင်း ပြခန်းဖြစ်ပါက ကိုယ်စားလှယ်လွှဲ စာများ လိုအပ်မှာ ဖြစ်ပါတယ်။

ကုမ္ပဏီအမည်ဖြင့် သွင်း ကုန်လိုင်စင်ရယူပြီး ကနဦး လျှောက်ထားပါက သက်ဆိုင်ရာ ကုမ္ပဏီမှ (က) သွင်းကုန်လိုင်စင် အမှတ်၊ (ခ) သွင်းကုန်လိုင်စင်မှ ထုတ်နုတ်အသုံးပြုလိုသည့်ယာဉ် ၏ ခွင့်ပြု SR အမှတ်၊ (ဂ) အ ကောက်ခွန် ID အမှတ်တို့ကို ဖော် ပြလျှောက်ထားရပါတယ်။

(ခ) စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ် သော မော်တော်ယာဉ်များ ကနဦး လာရောက်ဆောင်ရွက်မယ်ဆို ရင်တော့ (၁) Inspection Certi-ficate မူရင်း၊ (၂) ကုန်ရောင်းပြေ စာမူရင်း၊ ကညနသို့ လုပ်ငန်းလာ ရောက်ဆောင်ရွက်သူ၏ မှတ်ပုံ တင်မူရင်းနှင့် မိတ္တူပါဖို့ လိုပါ တယ်။

(ဂ) စက်မှုဇုန်ထုတ် မော်တော် ယာဉ်များ ကနဦးယာဉ်စစ်ဆေး မယ်ဆိုရင်တော့ (၁) Inspection Certificate မူရင်း၊ (၂) ကုန်ရောင်း ပြေစာမူရင်း(၃) အရောင်းအဝယ် စာချုပ်မိတ္တူ၊ (၄) ကညနသို့ လုပ် ငန်းလာရောက်ဆောင်ရွက်သူ၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူပါဖို့လို ပါတယ်။

မှတ်ပုံတင်နေရာ
ကနဦးဆောင်ရွက်ရာတွင် (၁) ထောက်ကြန့်ကညန၊ (၂) ရွာ သာကြီးကညန၊ (၃) နေပြည်တော်ကညန၊ (၄) မန္တလေးကညနတို့မှာ ဆောင် ရွက်နိုင်တာ ဖြစ်ပါတယ်။ ရန်ကုန်ဘက်အပိုင်း နည်းနည်း ရှင်းပြရရင်တော့ လူစီးကား ၂ တန်အောက်ကား၊ ဌာနဆိုင်ရာကား၊ တက္ကစီကားတွေကို ထောက်ကြန့်မှာ သွားရောက်မှတ်ပုံတင်နိုင်ပါ တယ်။ ဘတ်စ်ကားနဲ့ ၂ တန် အထက် ထရပ်ကားများကိုတော့ ရွာသားကြီးကညနမှာ သွား ရောက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါ တယ်။

တင်သွင်းယာဉ်အစီးရေ
၂၀၁၁ စက်တင်ဘာ ၁၉ ရက်မှစတင်ပြီး ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး ပြည်ပအစားထိုးတင် သွင်းယာဉ်များ ဆောင်ရွက်ပေးခဲ့ ပါတယ်။ နောက်ပိုင်းမှာတော့ သင်္ဘောသားများနဲ့ အသက်(၁၈)နှစ်ပြည့် မှတ်ပုံတင်ရှိသူများမည်သူမဆို တင်သွင်းခွင့်ပြုခဲ့ပါ တယ်။ ၂၀၁၁ စက်တင်ဘာ ၁ ရက်မှသည် ၂၀၁၅ ဒီဇင်ဘာ ၃၁ ရက်အထိ အစီးရေ ၆၁၄,၈၆၇ စီး တင်သွင်းခဲ့ပြီး ဖြစ်ပါတယ်။

စဉ်ယာဉ်အမျိုးအစား စီးရေ

၁−လူစီး ၃၉၇,၆၀၄
၂−ကုန်တင်ဝန်ပေါ့ ၁၃၂,၂၁၈
၃−ကုန်တင်ဝန်လေး ၄၄,၃၂၅
၎−ခရီးသည်တင်၁၇,၁၅၇
၅−အခြားယာဉ်၂၃,၅၆၃

စုစုပေါင်း၆၁၄,၈၆၇

ကနဦးလုပ်ငန်းဆောင်ရွက်ပုံ
အဆင့်ဆင့်မှာ

(၁) ကနဦးမူသေအမှတ်ရ ယူခြင်း၊ (၂) ယာဉ်စစ်ဆေးပေး ခြင်း၊ (၃) မှတ်ပုံတင်ကျသင့်ငွေ တွက်ချက်ပေးခြင်း၊ (၄) ငွေစာ ရင်းဌာနမှ ကျသင့်ငွေများကို ဒေါ် လာနှင့်ညီမျှသော မြန်မာငွေ တွက်ချက်ပေးပြီး ပိုင်ရှင်အား ဘဏ်တွင် ငွေပေးသွင်းစေခြင်း၊ (၅) ကမ(၃)နှင့် အဝိုင်းထုတ်ပေး ခြင်းဆိုပြီး အဆင့်ဆင့်ရှိပါတယ်။

ကနဦး မူသေအမှတ်ရယူခြင်း

ဖရီးပါမစ်နဲ့ တင်သွင်းလာ တဲ့ ကားတွေဆိုရင်တော့ တန်းပြီး တော့ မူသေနံပါတ်ရယူလို့ရပါ တယ်။ ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်ပြီး တင်သွင်းလာတဲ့ ကားတွေဆိုရင်တော့ မူသေအ မှတ်ကို ချက်ချင်းယူလို့မရဘဲ သံ ရည်ကျိုစက်ရုံ (မြင်းခြံ)နဲ့ သီလ ဝါသင်္ဘောဖျက်စက်ရုံ (ရန်ကုန်) တို့တွင် ကားဟောင်းအပ်နှံပြီး ကြောင်း ဟုတ်၊ မဟုတ်ကို ကွန် ပျူတာစစ်ပြီး မှန်ကန်မှသာ မူသေ နံပါတ်ယူလို့ရတာ ဖြစ်ပါတယ်။

ကနဦးမူသေအမှတ်မယူခင် မှာ စာရွက်စာတမ်းတွေကို အရင် တင်ပြရပါတယ်။ သက်ဆိုင်ရာ ကညနအရာရှိကနေပြီး အချက် အလက် မှန်၊ မမှန်စစ်ဆေးပြီး မှန် ကန်မှသာ မူသေအမှတ်ယူလို့ ရတာ ဖြစ်ပါတယ်။

ကားနံပါတ်ယူရာတွင်
မော်တော်ယာဉ်မူသေအ မှတ်ကို ကွန်ပျူတာဖြင့်ယူရာတွင် ကျရာနံပါတ်ချထားပေးတာ ဖြစ် ပါတယ်။ ရောက်ရှိ အက္ခရာအ တိုင်း နံပါတ်အနိမ့်များလည်း ရရှိ တတ်ပါသေးတယ်။ အဆင့်တွေ ကတော့ (၁) ပြည့်စုံသော အမှုတွဲ ကို ကောင်တာတွင် အပ်နှံပါ၊ (၂) ကောင်တာဝန်ထမ်းက လိုအပ် သော အချက်အလက်များကို ကွန်ပျူတာတွင် မှတ်တမ်းတင်ပြီး ကနဦးနံပါတ်ကို မိမိကိုယ်တိုင် ရွေးချယ်စေမှာ ဖြစ်ပါတယ်။

သံရည်ကျိုအပ်နှံပြီး၊ မပြီး မြင်းခြံ ကြန့်ကြာ
သီလဝါသံရည်ကျိုစက်ရုံမှာ ယနေ့ကားဟောင်းအပ် နောက် ရက်မနက်ဆိုရင် ကညန (ကနဦး) မှာ နံပါတ်ယူလို့ရပြီ ဖြစ်ပါတယ်။ သို့သော်လည်း သံရည်ကျိုစက်ရုံ (မြင်းခြံ)ကားဟောင်းအပ် စလစ် ကပ်ကားတွေကတော့ နောက် ရက်မှာ ချက်ချင်းနံပါတ်ယူလို့မရ ပါဘူး။ ဘာကြောင့်လဲဆိုတော့ သံရည်ကျိုစက်ရုံကားအပ်ပြီး စာရင်းကို မြင်းခြံကညနကနေ (သက်ဆိုင်ရာ ကနဦး ဆောင်ရွက် တဲ့ ကညနတွေကို) ဖက်စ်ပို့တာ ကြန့်ကြာလို့ ဖြစ်ပါတယ်။ အရင် လပိုင်း၊ ရက်ပိုင်းတွေကတော့ သူ များတွေရဲ့ တစ်ဆင့်ပြန်ပြောတာ ကို ကြားရတာဖြစ်ပြီး အခုဟာက တော့ အရည်ကြိုကိုယ်တိုင် ဒီရက်ပိုင်းမှာ ကိုယ်တိုင်ကြုံတွေ့ရတာ ဖြစ်ပါတယ်။

နံပါတ်ယူ + ဖောင်းကြွ + အာမခံ တစ်ရက်
ပထမဦးစွာ ကနဦးနံပါတ် ကို ကွန်ပျူတာစနစ်ဖြင့် ကျရာယူ ရပါတယ်။ အဲဒါပြီးတဲ့အခါမှာ ဖောင်းကြွနံပါတ်ပြားအတွက် ကျပ်ငွေတစ်သောင်းသွင်းရပါ တယ်။ ဖောင်းကြွနံပါတ်ပြားဖိုး တစ်သောင်းကို ငွေခန်းမှာ ဖောင်း ကြွနံပါတ်ပြားဖိုးပေးသွင်းမှ ယာဉ်စစ်ဆေးခွင့်ရရှိမှာ ဖြစ်ပါတယ်။ ကနဦးနံပါတ် ယူ + ဖောင်းကြွ နံပါတ်ပြားဖိုး ငွေသွင်း + အာမခံ(ပရီမီယံ)နှင့် စည်ပင်အခွန် ဆောင် တစ်ရက်ကြာပါတယ်။ အာမခံကတော့ ကားရဲ့အမျိုးအ စား၊ စီးနင်းသော လူဦးရေ အချိုးအစားပေါ်မူတည်ပြီး ကောက်ခံပါတယ်။ ဥပမာ- အိမ်စီးကား လေးယောက်စီးဆိုလျှင် ၂ နှစ်စာအတွက် ကျပ်ငါးထောင်ပေးရပါ တယ်။ လေးယောက်ထက်ကျော် သွားရင် ဦးရေအလိုက်ပေးရပါ တယ်။ ပစ်ကပ်အမျိုးအစားတွေ ကတော့ သုံးထောင့်ငါးရာကျပ် ပေးဆောင်ရပါတယ်။

နောက်တစ်ခုကတော့ စည် ပင်ကြေးပါ။ စည်ပင်ကတော့ ရန်ကုန်လိုင်စင်တစ်ခုတည်းသာ စည်ပင်ကြေးပေးဆောင်ရပါ တယ်။ ရန်ကုန်ကလွဲလို့ တခြား မြို့များ ပေးဆောင်ရန် မလိုအပ် ပါဘူး။ အိမ်စီးကားလေးယောက် စီးဆို ကိုးထောင်ကျပ်ပေးဆောင် ရပါတယ်။ ဖောင်းကြွ + အာမခံ +စည်ပင် စုစုပေါင်း= နှစ်သောင်းငါးထောင်ကျပ် ကုန်ကျမှာ ဖြစ်ပါတယ်။

ယာဉ်စစ် + ခဲခြစ် + ဓာတ်ပုံရိုက် + ဖောင်းကြွထုတ် + ငွေသွင်း တစ်ရက်
နောက်တစ်ရက်မှာတော့ (၁) မော်တော်ယာဉ် ခဲခြစ်၊ (၂) ဓာတ်ပုံရိုက်၊ (၃) ဖောင်းကြွ နံပါတ်ပြားထုတ်ယူ၊ (၄) ယာဉ် မှတ်ပုံတင်ဌာနမှာ ငွေသွားတွက်၊ (၅) ဘဏ်ကို ပိုင်ရှင်ကိုယ်တိုင် သွားပြီး ငွေသွင်း၊ (၆) ဘဏ်ပီအို ချလန် ကညနရုံးပြန်ပေးဆောင် ရွက်ရပါမယ်။ ဘဏ်ချလန်ပေး အပ်ပြီးတဲ့အခါမှာ ကညနကနေ ပြီး အုံနာဘုတ်ပြန်ထုတ်ယူရန် စလစ်လေးတစ်ခု ပြန်လည်ပေး အပ်မှာ ဖြစ်ပါတယ်။

ကောက်ခံတဲ့ နှုန်းထားတွေ ကို ပြောပြရရင်တော့ (က) ယာဉ် စစ်ဆေးခ = ကျပ်ငါးထောင်၊ (ခ) ယာဉ်မှတ်ပုံတင်ခ - ကျပ်သုံး သောင်း၊ (ဂ)ကမ(၃) = ကျပ်ငါးရာ၊ (ဃ) အဝိုင်း= ကျပ်တစ် ထောင်၊ (င) ဟိုလိုဂရမ်= ကျပ် ခြောက်ရာ စသည်ဖြင့် အကြမ်း ဖျင်းအားဖြင့် သုံးသောင်းခုနစ် ထောင့်တစ်ရာကျပ် ပေးဆောင်ရ မှာ ဖြစ်ပါတယ်။

မှတ်ပုံတင်ခနဲ့ ယာဉ်စစ် ဆေးခမှာတော့ အပိုင်းနှစ်ပိုင်းခွဲ ထားပါတယ်။ မှတ်ပုံတင်ခ ယာဉ် ငယ် ကျပ်တစ်သောင်းငါးထောင်၊ ယာဉ်ကြီး ကျပ်သုံးသောင်း၊ ယာဉ်စစ်ဆေးခ ယာဉ်ငယ် ကျပ်တစ် သောင်းငါးထောင်၊ ယာဉ်ကြီး ကျပ်သုံးသောင်းပေးဆောင်ရမှာ ဖြစ်ပါတယ်။

ပြည်ပတင်သွင်းမော်တော်ယာဉ် ကနဦးမှတ်ပုံတင်ခ

ပြည်ပမှ တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေကို ကနဦး မှတ်ပုံတင်ခကို အင်ဂျင်ပါဝါအ လိုက် FOB အပေါ်မှာ ကောက်ခံ ပါတယ်။

(က) လူပုဂ္ဂိုလ်တင်သွင်းယာဉ်

(၁) ၁၃၅၀ စီစီနှင့်အောက်= ၃၀ ရာခိုင်နှုန်း

(၂) ၁၃၅၁ စီစီမှ ၂၀၀၀ စီစီအထိ = ၅၀ ရာခိုင်နှုန်း

(၃) ၂၀၀၁ စီစီမှ ၅၀၀၀ စီစီအထိ = ၈၀ ရာခိုင်နှုန်း

(၄) စက်စွမ်းအား ၅၀၀၀ စီစီနှင့် အထက်= ၁၂၀ ရာခိုင်နှုန်း

(၅) ပစ်ကပ် (Double Cab)= ၄၀ ရာခိုင်နှုန်း

(ခ) ကုန်တင်ယာဉ်

Light, Truck, Tracttor Head, Tranker= ၅ ရာခိုင်နှုန်း

(ဂ) ခရီးသည်တင်ယာဉ်

ယာဉ်မောင်းအပါအဝင် ၁၀ ဦးနှင့်အထက် = ၅ ရာခိုင်နှုန်း ကောက် ခံတာ ဖြစ်ပါတယ်။

စုစုပေါင်းကြာမြင့်ချိန်
ကညနသို့ လုပ်ငန်းသွား ရောက်ဆောင်ရွက်တဲ့ ရက်နှစ် ရက်အပါအဝင် အုံနာဘုတ်ထုတ် ယူဖို့ ပြန်ချိန်းတဲ့ ခုနစ်ရက်ကို ပေါင်းရင် စုစုပေါင်း ကိုးရက်ကြာ မြင့်မှာ ဖြစ်ပါတယ်။

နိဂုံး
ကျွန်တော့်အမျိုးတွေအနေ နဲ့ ကနဦးဆောင်ရွက်ပုံ လုပ်ငန်း စဉ်အဆင့်ဆင့်ကို ဖတ်ရှုပြီး အ ကျိုးအမြတ်တစ်စုံတစ်ရာ ရရှိခဲ့ မယ်ဆိုရင် စာရေးသူအနေဖြင့် ကျေနပ်မိပါကြောင်း ပြောကြား ရင်း နိဂုံးချုပ်အပ်ပါတယ်။

Credit : ကိုအရည်ကြို

7 day သတင်းစာ

No comments:

Post a Comment