Sunday, July 17, 2016

Company Txi ၀ယ် သင့် မ ၀ယ် သင့်

Company Txi ၀ယ် သင့် မ ၀ယ် သင့်
ကုမ္ပဏီအမည်ပေါက်(AA,BB,CC,DD,EE,FF,GG)
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်နယ် နှင့် တိုင်းများမှာ နေထိုင်သော၊ ကားမ ၀ယ်ယူနိုင်သေးသော ပြည်သူလူထုများ သွားလာရ အဆင်ပြေစေရန် ရည်ရွယ်ပြီး Taxi ပြေးဆွဲပါမယ်ဆိုတဲ့ကုမ္ပဏီတွေကို ချပေးတဲ့ ပါမစ်လည်း ဖြစ်ပါတယ်။ အဲဒီ ပါမစ်ဟာ -
(၁) ကားဟောင်းတစ်စီးမှ မအပ်ဘဲ နိုင်ငံ ရပ်ခြားမှ ကားတင်သွင်းခွင့်ပြုပေးတဲ့ ပါမစ် ဖြစ်ပါတယ်။
(၂) ကုမ္ပဏီထောင်ပြီး အငှားယာဉ်လိုင်း ပြေးဆွဲပါမယ်ဆိုပြီး သက်ဆိုင်ရာ တိုင်း ဒေသကြီးထံမှာ ၀န်ခံကတိနဲ့ လျှောက် ထားရပါတယ်။
(၃) ကုမ္ပဏီတစ်ခုကို အစီးရေ ငါးဆယ် တင်သွင်းခွင့်ပြုခြင်းလည်း ဖြစ်ပါတယ်။
(၄) ခွင့်ပြုချက်ချပြီး ခြောက်လအတွင်း ရန်ကုန်ဆိပ်ကမ်းအရောက် တင်သွင်းရပါ တယ်၊ အချိန်မီ မတင်သွင်းပါက တင်သွင်း ခွင့်ကို ပယ်ဖျက်ခံရနိုင်ပါတယ်။
သို့ပါသော်လည်း စီးပွားရေးသမား များဟာ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ ဆီမှာ ၀ယ်ယူခွင့်လျှောက်ထားပြီး အငှား ယာဉ်ကုမ္ပဏီ မထောင်ဘဲရရှိတဲ့ ခွဲတမ်း တွေကို ပြည်သူလူထုဆီ ပြန်ပြီး ရောင်းချ တာကို တွေ့ရှိရပါတယ်။
အမှန်တကယ် တည်ထောင်လုပ်ကိုင် စားသောက်သူတွေ ကို မပြောကြားလိုပေမဲ့ တော်တော်များများ ကုမ္ပဏီတွေကတော့ တိုင်းဒေသကြီး ထောက်ခံချက်ယူပြီး တစ်ဆင့်ပြန်လည် ရောင်းချကြတာလည်း အမှန်တရားပဲ ဖြစ်ပါတယ်။
ကျွန်တော့်အမျိုးတွေအနေနဲ့ အောက် ပါအချက်တွေကို လက်သင့်ခံနိုင်ရင် ၀ယ်ယူ နိုင်ပါတယ်။
(၁) ဘယ်တော့မှ လူအမည်ပေါက် ပြောင်းလို့မရဘဲ ရာသက်ပန်တက္ကစီ ဖြစ် သွားပါလိမ့်မယ်။
(၂) ကညနမှာ သက်တမ်းတိုးချိန်မှာ လည်း ပုံမှန် လုပ်ရိုးလုပ်စဉ် ပုံစံအတိုင်း မဟုတ်ဘဲ ကုမ္ပဏီက Letter Head နဲ့ ယခု လာရောက်ဆောင်ရွက်သူ ဦး---- အား သက်တမ်းတိုးကိစ္စရပ် အ၀၀ လွှဲအပ် လိုက်ကြောင်း ထောက်ခံစာတစ်စောင် ပါ ရမှာ ဖြစ်ပါတယ်။
(၃) ကုမ္ပဏီဖျက်သိမ်းလိုလို့ ဘယ်မှာ လိုက်ရှာရမယ်မှန်း မသိတော့ဘူးဆိုရင် တော့ သက်တမ်းတိုးချိန်မှာ အခက်အခဲ ဖြစ်မှာ ဖြစ်ပါတယ်။

Credit : ကို အ ရည် ကြို

No comments:

Post a Comment