Turbocharger နှင့် Supercharger အကြောင်း
Turbocharger ဆိုတာ Sport ကားတော်တော်များများမှာပါပါတယ် မပါခံနိုင်ရိုးလား သူက အရမ်းစွမ်းတာကို 2.0L 4 Cylinders ကားလေးကို 3.0 6 Cylinders NA ထက်ပြေးအောင်သူလုပ်ပေးနိုင်တယ်လေ Replacement for displacement လို့လည်းပြောကျတယ် Engine size ကြီးဖို့မလိုဘူး Turbo ထည့်လိုက်ရင် ပြေးတယ်လို့ ပြောတာပါ
ဟုတ်ပြီ သူဘယ်လိုအလုပ်လုပ်လည်းပြောပြမယ် Engine တစ်လုံးမှာ စွန့်ပစ်ပစ္စည်းအနေနဲ့ထွက်တာExhaust gas ပဲ သူတို့က အလကားပဲသုံးစားလို့မရဘူး exhaust ပေါက်ကနေထွက်သွားတာ ဒါပေမဲ့ Turbo တပ်လိုက်တဲ့အခါကျ သူတို့က အဓိကဖြစ်သွားပြီ ဘာလို့လည်းဆိုတော့ Exhaust gas နဲ့ turbo ကို run တာမို့လို့ပဲ Turbo မှာ Compressor နဲ့ Turbine ဆိုပြီး အပိုင်းနှစ်ပိုင်းရှိတယ် Compressor ဘက်ကတော့လေကိုစုပ်ယူတဲ့ ဘက်ဖြစ်ပြီး တော့ Turbine ဆိုတာကတော့ Exhaust gas ထည့်သွင်းခြင်းခံရပြီး Compressor ဘက်က blade ဒလက်ကို လည်အောင်လုပ်ပေးတာဖြစ်ပါတယ် Exhaust gas တွေက Turbine ထဲက ဒလက်ကိုလှည့်မယ် Turbine ဒလက်နဲ့ ချိတ်ထားတဲ့ Compressor ဘက်က ဒလက်ကလိုက်လည်မယ်အဲ့ဒါဆို လေတွေကို ကျစ်လစ်နေအောင် ဖိသိပ်ပြီးတော့ ထည့်မယ် အဲ့ဒါဆို ပုံမှန်ထက်ပိုပြေးတဲ့ ကားလေးတစ်စီးရပြီပေါ့ ဒါ Turbo ရဲ့အလုပ်လုပ်ပုံပေါ့ Exahust Gas ကို အသုံးပြန်ဝင်အောင်လုပ်ပြီး ကားအင်ဂျင် ပိုကောင်းအောင်လုပ်ပေးနိုင်တာပါ turbo ရဲ့မကောင်းတဲ့အချက်တစ်ခုက Supercharger နဲ့မတူတာက Turbo boost ၀င်လာဖို့ကို အတိုင်းတာတစ်ခုထိစောင့်ရတယ် ဥပမာ 2500 RPM မှာ Turbo က စပြီးလည်ပြီး Boost ၀င်လာတယ်ဆိုပေမဲ့ Full boost ဖြစ်ဖို့ 4500 လောက်မှအဆင်ပြေမယ်ဆိုတာမျိုးပေါ့ နင်းတာနဲ့ ချက်ချင်း Power တန်းမရဘူး LAG ဆိုတာလေးရှိတယ် ကြားထဲမှာ
Supercharger ဆိုတာကျ Sport ကားတွေမှာပါပေမဲ့ တော်ရုံတန်ရုံတော့ size အရမ်းကြီးတဲ့ V6 V8 V10 V12 စသဖြင့် ကားအင်ဂျင်တွေ မှာ ပိုပြီးသုံးတယ် ဗျ သူက ဘယ်လိုအလုပ်လည်းဆိုတော့ သူ့မှာ Pulley လေးပါတယ်ပေါ့ အဲ့ pulley လေးကို အင်ဂျင်က pulley တွေနဲ့ belt တစ်ချောင်းခံ ချိတ်ထားပြီး ကားကိုပိုပြေးအောင်လုပ်ပေးတာပေါ့ Turbo နဲ့ဘာကွာသွားလည်းဆိုတော့ အဲ့ဒါပဲ Turbo က စွန့်ပစ်လိုက်တဲ့ Exhaust gas ကို အသုံးပြုပြီး ကားပြေးအောင်လုပ်တယ် Supercharger ကတော့ Engine က လည်ပါတ်နှုတ် Timing belt အားကို သုံးပြီး Power ထုတ်ပေးတယ် အဲ့ဒါကြောင့် Supercharger သည် ကားရဲ့ RPM တိုင်းမှာ အလုပ်လုပ်နေတာဖြစ်ပြီး LAG(နောင့်နှေးကြံ့ကြာမှုမရှိဘူး) မဖြစ်ဘူး နင်းလိုက်တိုင်းမှာ Power ရှိတယ်
အဲ့ဒါပဲ basic က နောက်များလည်း တင်ပါဦးမယ်
Credit ပြိုင်ကားချစ်သူများ
No comments:
Post a Comment